This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, September 4, 2013

၁၅၀၀ တန် ဂျီအက်စ်အမ် ပြင်ပပေါက်ဈေး ၁၄၀၀၀၀ ခန့်ဖြစ်နေ

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၄ ရက် ၂၀၁၃
ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ဈေးကွက်အတွင်း ကျပ် ၁၄၀၀၀၀ ၀န်းကျင်ခန့်ပေါက်ဈေး ရှိကြောင်း မိုဘိုင်းဖုန်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ကျပ် ၁၅၀၀ တန်ဆင်းမ်ကတ်များကို သြဂုတ် ၂၃ ရက်နောက်ပိုင်းမှ ရပ်ကွက်များတွင် မဲဖောက်ပေးခဲ့ခြင်း ဖြစ်ပြီး ဂျီအက်စ်အမ်များ မဲဖောက်ပေးခြင်းမှာ ယခုတစ်ကြိမ်တွင် ဒုတိယအကြိမ်ဖြစ်သည်။ပြည်မြို့မှ ဖုန်းဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးခန့်စည်သူလှိုင်က “ဈေးကတော့ အမျိုးမျိုးရှိပါတယ်။ ဖုန်းနံပါတ်က လှရင်လှသလို ပေးရတာပါ။ တကယ်တမ်း တန်ဖိုးနည်းဆင်းမ်ကတ်က ၁၅၀၀ ပဲ ဈေးရှိတာဆိုပေမယ့် ဈေးကွက် လိုအပ်ချက်အရ တန်ဖိုးတွေက မြင့်လာသလို ပြင်ပဖုန်းဈေးကွက်လည်း ပေါ်လာတာပါ” ဟု ဆိုသည်။

၁၅၀၀ တန် စီဒီအမ်အေဖုန်းကတ်များကို ပြည်တွင်းဈေးကွက်အတွင်း ကျပ် ၈၀,၀၀၀ ၀န်းကျင်ခန့် ပေါက်ဈေးရှိပြီး ဂျီအက်စ်အမ်ဖုန်းများမှာ လူကြိုက်ပိုများသောကြောင့် ဈေးပိုမြင့်ခြင်းဖြစ်သည်။

ရန်ကုန်မြို့ Matrix မိုဘိုင်းဆိုင်မှ ဆိုင်ပိုင်ရှင် ကိုအောင်ကိုဦးကလည်း “ဖုန်းကတ်က လိုသလောက်မရတာပေါ့နော်။ မရှိသေးတဲ့သူတွေကလည်း မပေါက်တော့ တကယ်တမ်းဖုန်းကိုင်ချင်နေတဲ့သူတွေက မစောင့်နိုင်တော့ဘဲ မဲပေါက်တဲ့ သူတွေဆီက လိုက်ဝယ်ရင် ဒီလိုမျိုး တန်ဖိုးနည်းဖုန်းကတ်တွေက ဈေး အများကြီးပေးဝယ်ရတာပါ။ ၀ယ်လိုအား အရမ်းကို မြင့်တက်နေတဲ့ သဘောပါ”ဟု ဆိုသည်။

သြဂုတ် ၂၃ ရက်မှစတင်ပြီး မိုဘိုင်းဖုန်း ဆင်းမ်ကတ်များချထားပေးမှုတွင် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် မိုဘိုင်းဖုန်း ၁၅၀,၀၀၀ နှင့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်း ၂၁၀,၀၀၀ ဖြစ်ပြီး စုစုပေါင်း အလုံးရေ ၃၆၀,၀၀၀ ချထားပေးမည်ဖြစ်သည်။

သြဂုတ်လအတွက် မိုဘိုင်းဆင်းမ်ကတ်များ ချထားပေးရာတွင် ရန်ကုန်တိုင်းတွင် မိုဘိုင်းဆင်းမ်ကတ် အရေအတွက် ၆၉,၈၀၀ ဖြင့် အများဆုံးချထားပေးမည်ဖြစ်ပြီး အနည်းဆုံးချထားပေးမည့်ပြည်နယ်မှာ ကယားပြည်နယ်ဖြစ်ကာ မိုဘိုင်းဆင်းကတ် ၁၅၀၀ အထိသာ ချထားပေးမည်ဖြစ်သည်။ကျပ် ၁၅၀၀ တန်မိုဘိုင်းဖုန်းများကို ပြည်တွင်းတွင် ဧပြီလက စတင်ချထားပေးခဲ့ခြင်း ဖြစ်သည်။
ယုဝေ
Mizzima - News in Burmese

Friday, May 3, 2013